လူကြီးမင်းတို့၏ ဘဝသက်တမ်းတစ်လျှောက် မမျှော်လင့်ထားသော ဖြစ်ရပ်များကြုံတွေ့ရပါက ငွေကြေးအားဖြင့်အထောက် အပံ့ပေးမည့် အသက်အာမခံအမျိုးအစား ဖြစ်ပါသည်။
အာမခံထားနိုင်ခွင့်ရှိသူ | အသက် (၁၀) နှစ် မှ (၆၀) နှစ်အတွင်းရှိသူများ |
အာမခံထားငွေ | အနည်းဆုံး ကျပ် (၁၀) သိန်းမှ အများဆုံးကျပ်သိန်း (၅၀၀)။ |
အာမခံသက်တမ်း | (၅) နှစ်၊ (၇) နှစ်၊ (၁၀) နှစ်။ (အသက် ၅၆ နှစ် မှ ၅၈ နှစ် ထိရှိသူများမှာ အာမခံသက်တမ်း (၇) နှစ် ထိသော်လည်းကောင်း၊ ၅၉ နှစ် မှ ၆၀ နှစ် ထိရှိသူများမှာ အာမခံသက်တမ်း (၅) နှစ်ထိလည်းကောင်း ရွေးချယ်ထားနိုင်ပါသည်။ |
ပရီမီယံနှုန်း |
|
(၁) | နှစ်စေ့အကျိုးခံစားခွင့် |
အာမခံထားသူတစ်ဦးသည် ပေါ်လီစီတွင်ဖော်ပြထားသည့် သက်တမ်းစေ့ရောက်သည့်နေ့တွင် အာမခံထားငွေကို တစ်လုံးတည်း ထုတ်ယူနိုင်ပါသည်။ | |
(၂) | သေဆုံးမှုအကျိုးခံစားခွင့် |
အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးပါမည်။ | |
(၃) | ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့် |
အာမခံသက်တမ်းအတွင်းအာမခံထားသူသည်မတော်တဆဖြစ်ရပ်ကြောင့်(သို့)ရောဂါတစ်ခုခုကြောင့်လုံးဝအလုပ်မလုပ်ကိုင်နိုင်သည်အထိ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေးပါသည်။ | |
(၄) | ပေါ်လီစီစာရင်းပိတ် အကျိုးခံစားခွင့် |
အာမခံထားသူတစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်ကို ပရီမီယံ ဆက်လက်မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင်ပြီး ပေါ်လီစီတွင် ဖော်ပြထားသည့် သက်တမ်းစေ့ ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို အာမခံထားသူသို့ ထုတ်ပေး ပါသည်။ | |
(၅) | အမ်းငွေထုတ်ပေးခြင်း |
အာမခံထားသူသည် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်ကိုဖျက်သိမ်း၍ အမ်းငွေထုတ်ယူရန် အကြောင်းကြားလာလျှင် အမ်းငွေဇယားပါနှုန်းအတိုင်း ရခွင့်ရှိသည့်အမ်းငွေကို အာမခံထားသူသို့ ထုတ်ပေးပါသည်။ | |
(၆) | ချေးငွေထုတ်ယူပေးခြင်း |
အာမခံထားသူတစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်မှ ချေးငွေရယူနိုင်သည့် အကျိုးခံစားခွင့်ရှိပါသည်။ |
၁။ | သေဆုံးမှုအကျိုးခံစားခွင့်ကို အောက်ဖော်ပြပါအကြောင်းကိစ္စများအတွက် မရရှိနိုင်ပါ။ | |
(က) | အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။ | |
(ခ) | အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့်သေဆုံးခြင်း။ | |
၂။ | ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်ကို အောက်ဖော်ပြပါကိစ္စရပ်များအတွက် မရရှိနိုင်ပါ။ | |
(က) | မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ | |
(ခ) | ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကို မှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ | |
(ဂ) | ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ | |
(ဃ) | မိမိကိုယ်ကို သတ်သေခြင်းကြောင့်မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ | |
(င) | ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ | |
(စ) | အာမခံဝယ်ယူစဉ်ကဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ |
အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။
လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ပါက FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။
အာမခံထားသူသည် ပရီမီယံအပြည့်သွင်းပြီးနောက် ပေါ်လစီတွင်ဖော်ပြထားသည့် အာမခံသက်တမ်း
စေ့ရောက်သည့်နေ့တွင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ယူနိုင်သည်။
အာမခံသက်တမ်းအတွင်း ပေါ်လစီတည်မြဲနေစဉ်(သို့မဟုတ်) အလိုအလျောက် ပေါ်လစီတည်မြဲနေစဉ် အာမခံထားသူသေဆုံးပါက ကုမ္ပဏီမှရရှိရန်ငွေများကိုနှုတ်၍ ကျန် အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူအားထုတ်ပေးပါသည်။
ပေါ်လစီတည်မြဲနေစဉ် ကာလအတွင်း အာမခံထားသူသည် ရောဂါကြောင့်သော် လည်းကောင်း၊ မတော်တဆမှုကြောင့်သော်လည်းကောင်းထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ပါက ကုမ္ပဏီမှ ရရှိရန်ငွေများကို နှုတ်၍ ကျန်အာမခံထားငွေကို အာမခံထားသူသို့တစ်လုံးတည်းထုတ်ပေးပါမည်။
ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ-
(က) | မျက်စိနှစ်ဖက်လုံးဝကွယ်ခြင်း၊ |
(ခ) | လက်ကောက်ဝတ်အထက်ပိုင်းမှ လက်နှစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍မရခြင်း။ |
(ဂ) | ခြေကျင်းဝတ်အထက်ပိုင်းမှ ခြေထောက်နှစ်ဖက်ပြတ်ခြင်း လုံးဝအသုံးပြု၍ မရခြင်း။ |
(ဃ) | မျက်စိတစ်ဖက် လုံးဝကွယ်ခြင်းနှင့် လက်ကောက်ဝတ်အထက်ပိုင်း လက်တစ်ဖက်ပြတ်ခြင်း၊ အသုံးပြု၍ မရခြင်း။ ခြေကျင်းဝတ်အထက်ပိုင်း ခြေတစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍ မရခြင်း။ |
(အထက်ပါအချက်များ၌ အကျုံးမဝင်သော်လည်း ကုသသည့်ဆေးရုံမှ အထူးကုဆရာဝန်၏ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက် ရရှိလျှင်ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။)
ကျသင့်ပရီမီယံကို တစ်နှစ်တစ်ဆက်တည်း ပေးသွင်းပြီးပါက ပရီမီယံကို ဆက်လက် ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကို စာရင်းပိတ်ပေးရန် အကြောင်းကြားလာလျှင် အဆိုပါ ပေါ်လစီကို ဤကုမ္ပဏီက စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲသတ်မှတ်ပေးပါမည်။ အာမခံသက်တမ်းစေ့ရောက်သောနေ့မှသာ ပြန်လည်ထုတ်ယူ၍ ရမည်ဖြစ်သည်။
ကျသင့်ပရီမီယံကို တစ်နှစ်တစ်ဆက်တည်း ပေးသွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေး သွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကို အမ်းငွေရသင့်တန်ဖိုး ထုတ်ပေးရန် အကြောင်းကြားလာလျှင် အမ်းငွေရသင့် တန်ဖိုးနှုန်း ဇယားပါအတိုင်း ရခွင့်ရှိသည့် အမ်းငွေရသင့်တန်ဖိုးကို အာမခံထားသူသို့ တစ်လုံးတည်း ထုတ်ပေးပါမည်။ အမ်းငွေထုတ်ယူရာတွင် မိမိပေးသွင်းထားသော ပရီမီယံမှ အပြည့်အဝရရှိမည်မဟုတ်ပါ။
အာမခံထားသူအနေဖြင့် တစ်နှစ်တစ်ဆက်တည်း ပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်မှ ချေးငွေရယူနိုင်ခွင့်ရှိသည်။ ချေးယူနိုင်မည့် ငွေပမာဏမှာ အမ်းငွေရသင့် တန်ဖိုးနှုန်းထား ဇယားပါအတိုင်း ရခွင့်ရှိသည့် စုစုပေါင်း အမ်းငွေရသင့်တန်ဖိုး၏ ၉၀% အထိဖြစ်ပါသည်။
၁။အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် သေဆုံးမှုအကျိုးခံစားခွင့်အား ရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။
(က) | အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။ |
( ခ ) | အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း။ |
၂။အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခဲ့လျှင် ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်အား ရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။
(က) | ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ခြင်း။ |
(ခ) | မိမိကိုယ်ကိုသတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။ |
(ဂ) | မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။ |
(ဃ) | ဘေးအန္တရာယ်ဖြစ်စေသော ဆေးမှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။ |
(င) | ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။ |
(စ) | အာမခံ ဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။ |
ပရီမီယံကို (၁)နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၁)လတစ်ကြိမ် ပေးသွင်း နိုင်ပါသည်။
(၁)နှစ် တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ် ပေးသွင်းသည့်ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပိုရက် (၃၀)ခွင့်ပြုပါသည်။ (၁)လတစ်ကြိမ် ပေးသွင်းသည့် ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပိုရက် (၁၅)ရက် ခွင့်ပြုပါသည်။ ပေးသွင်းနိုင်သည့် အပိုရက်၏ နောက်ဆုံးရက်သည် အစိုးရရုံး / ဘဏ် ပိတ်ရက်ဖြစ်ပါက ရုံး / ဘဏ်ဖွင့်သော ပထမရက်တွင် ပရီမီယံပေးသွင်းရပါမည်။
– ပေါ်လစီသည် အပိုရက်များ အတွင်း၌ ပရီမီယံမသွင်းခဲ့သော် ပေါ်လစီပျက်သည်။
ပရီမီယံ ပေးသွင်းရန် ပျက်ကွက်သည့် ကာလမှာ (၆) လ ထက်မပိုပါက ပျက်သည့် ပေါ်လစီကို ပြန်လည် တည်မြဲနိုင်ရန် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။
ကိုယ်စားလှယ်အမည် ————————- | ပေါ်လစီအမှတ် —————————– | |||||||||||||||||||||||||||||||||||||||||||||||||
ကိုယ်စားလှယ်အမှတ် ————————- | ရက်စွဲ —————————– | |||||||||||||||||||||||||||||||||||||||||||||||||
၁။ | အဆိုလွှာနှင့်ဆေးစစ်ချက်အစီရင်ခံစာပါ ဖော်ပြချက်များနှင့်အဖြေများသည် အာမခံထားသူနှင့် ဤကုမ္ပဏီတို့ချုပ်ဆိုမည့်ပဋိညာဥ်၏ အခြေခံ အချက်များဖြစ်ကြောင်းနှင့် ယင်းဖော်ပြချက်များနှင့်အဖြေများတွင် မမှန်ကန်သောအချက် သို့မဟုတ် အချက်များပါရှိလျှင် ဤပဋိညာဥ် (ပေါ်လစီ) ပျက်ကြောင်း အာမခံထားသူက သိရှိသဘောတူညီသည်။ | |||||||||||||||||||||||||||||||||||||||||||||||||
၂။ | ထိုကဲ့သို့ ဘောတူညီသည့်အလျောက် အာမခံထားသူကအောက်တွင် ဖော်ပြထားသည့်အတိုင်း ပရီမီယံပေးသွင်းရမည် ဖြစ်သကဲ့သို့ အောက်၌ ဖော်ပြထားသော ပေးရသည့်အကြောင်းကိစ္စဖြစ်ပေါ်ခဲ့သော် ဤပေါ်လစီပါအခွင့်အရေးများ၊ စည်းမျဉ်းများ၊ ပြင်ဆင်ချက်များနှင့်အညီ အာမခံထားသူ သို့မဟုတ် ၄င်း၏ အကျိုးခံစားခွင့် လွှဲပြောင်းခံရသူ(များ)သို့ လျော်ကြေးပေးရန် ဤကုမ္ပဏီကတာဝန်ယူကတိပြုပါသည်။ | |||||||||||||||||||||||||||||||||||||||||||||||||
၃။ | ဤအသက်အာမခံပေါ်လစီသည် ဤကုမ္ပဏီက ပထမအရစ် ပရီမီယံကို လက်ခံရရှိသောအချိန်တွင် သက်တမ်းစသည်။ | |||||||||||||||||||||||||||||||||||||||||||||||||
အခွင့်အာဏာရအရာရှိ |
Total Permanent Disability | ||
၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
၂။ | တောင်းခံလွှာ (Claims Form)။ | |
၃။ | Policy | |
၄။ | မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
၅။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။ | |
၆။ | ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။ | |
၇။ | ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။ | |
၈။ | သန်းခေါင်စာရင်း။ | |
၉။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။ | |
Death | ||
၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
၂။ | တောင်းခံလွှာ (Claims Form)။ | |
၃။ | Policy စာချုပ်မူရင်း။ | |
၄။ | မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
၅။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။ | |
၆။ | သေဆုံးမှတ်တမ်းဓာတ်ပုံ။ | |
၇။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။ | |
၈။ | Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။ | |
၉။ | သန်းခေါင်စာရင်း။ | |
၁၀။ | နာရေးဖိတ်စာ။ |
အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။
If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com
Policy Term – (5) years / (7) years / (10) years
The Short Term Endowment Life Insurance ranges from (10) Lakhs to (500) Lakhs.
The premium varies with the Age, Preferred Sum Insured and duration.
The benefit is granted when:
Usually it takes approximately 60~90 minutes if all documents are available.
Yes, FNI (Life) has One Stop Service.