ငွေချေးယူသူတစ်ဦးအနေဖြင့် သေဆုံးခြင်း ၊ ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်းတို့ကြောင့် ချေးယူထားသော ငွေကို ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိမှုများအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။
အာမခံထားနိုင်သူ | အသက် (၁၈) နှစ်မှ (၆၂) နှစ် အတွင်းရှိသူများ ။ |
အာမခံသက်တမ်း | (၃) နှစ်မှ (၁၅)နှစ် အထိ |
အာမခံထားငွေ | အနည်းဆုံး ကျပ် (၁၀) သိန်း မှ အများဆုံး ကျပ်သန်း (၃၀၀)။ |
ပရီမီယံနှုန်း | အာမခံထားသူ၏အသက် ၊ အာမခံထားငွေပေါ်မူတည်၍ အာမခံထားသည့် သက်တမ်းအလိုက် ပရီမီယံနှုန်းအား တွက်ချက်ပေးရမည် ဖြစ်ပါသည်။ |
* ပရီမီယံတစ်ကြိမ်ပေးချေးငွေ အသက်အာမခံထားမည့်သူများ ကျန်းမာရေးစစ်ဆေးရမည်ဖြစ်ပါသည်။*
(၁) | မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ငွေချေးသည့် ဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်းမှ ချေးငွေ ပြန်လည်ရရှိခြင်း ။ |
(၂) | မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ၎င်း၏ ကျန်ရစ်သူ မိသားစုအနေဖြင့် အရစ်ကျ ဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူစရာမလိုခြင်း ။ |
(၃) | ပေးသွင်းသည့် ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း ။ |
(၁) | အာမခံထားသူသည် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိ ကိုယ်ကို သတ်သေခြင်း ကြောင့် သေဆုံးခဲ့လျှင် “သေဆုံးမှုအကျိုးခံစားခွင့်(Death Benefit) ” အား ရခွင့်မရှိပါ။ အမ်းငွေကိုသာ ပေါ်လီစီရှင်ထံသို့ ထုတ်ပေးမည်ဖြစ်ပါသည်။ | |
(၂) | အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် “ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Total Permanent Disability Benefit)” အား ရရှိခွင့်မရှိပါ ။ အမ်းငွေကိုသာ ပေါ်လီစီရှင်ထံသို့ ထုတ်ပေးမည်ဖြစ်ပါသည်။ | |
(က) | ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း။ | |
(ခ) | မိမိကိုယ်ကို သတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ |
အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။
လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ပါက FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန် ဖြစ်ပါသည်။
၁။ | ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံ (Single Premium Credit Life Insurance) | |||
ပေါ်လစီ အကျိုးခံစားခွင့်များ | ||||
ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ (Single Premium Credit Life Insurance) ပေါ်လစီရှင်တစ်ဦးအနေဖြင့် အောက်တွင် ဖော်ပြထားသည့် အကျိုုးခံစားခွင့်များ ရနိုင်ခွင့်ရှိပါသည်။ | ||||
(က) | သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit) | |||
(ခ) | ထာ၀စဥ်မသန်စွမ်း အကျိုးခံစားခွင့် (Total Permanent Disability Benefit) | |||
(က) | သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit) | |||
(၁) | အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးခဲ့လျှင် အာမခံကုမ္ပဏီအနေဖြင့် “လျှော့ချထားသော အာမခံထားငွေဇယား” တွင် ဖော်ပြထားသည့် အာမခံထားသူ သေဆုံးချိန် နှင့် သက်ဆိုင်သော အာမခံထားငွေကို တလုံးတည်း ထုတ်ပေးပါမည်။ | |||
(၂) | သေဆုံးမှုအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ် / ငွေရေးကြေးရေး အဖွဲ့အစည်းကသာ လျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ် / ငွေရေးကြေးရေးအဖွဲ့အစည်းသို့သာ ထုတ်ပေးပါမည်။ | |||
(၃) | အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ပဲကျန်ရှိခဲ့လျှင် အဆိုပါ ပေးဆပ်ရန်ကျန်သော ငွေများအတွက် အာမခံကုမ္ပဏီမှ တာ၀န်ယူမည် မဟုတ်ပါ။ | |||
(၄) | သေဆုံးမှု အကျိုးခံစားခွင့် ထုတ်ယူရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား တင်ပြရန်လိုပါသည်။ | |||
(က) | ပေါ်လစီစာချုပ်မူရင်း | |||
(ခ) | သေစာရင်းမိတ္တူမှန် / သေဆုံးကြောင်းခိုင်လုံသော အထောက်အထား | |||
(ဂ) | သေဆုံးကြောင်း ကျေးရွာ / ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက် | |||
(ဃ) | အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ် / ငွေရေးကြေးရေးအဖွဲ့အစည်း၏ အကျိုးခံစားခွင့်တောင်းခံလွှာ | |||
(၅) | အကယ်၍ အာမခံထားသူ သေဆုံးပြီး အလောင်းရှာမတွေ့ပါက (၂)နှစ်စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်းကို ကျေးရွာ / ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရရှိလျှင် အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းသို့ တစ်လုံးတည််း ထုတ်ပေးပါမည်။ | |||
(ခ) | ထာ၀စဥ်မသန်စွမ်း အကျိုးခံစားခွင့် (Total Permanent Disability Benefit) | |||
(၁) | အာမခံသက်တမ်းအတွင်း အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာ၀စဥ်မသန်စွမ်းဖြစ်၍ ၀င်ငွေရရှိသော အလုပ်အကိုင်ကိုလုံး၀ မလုပ်ကိုင်နိုင်လျှင် “လျှော့ချထားသော အာမခံထားငွေဇယား” တွင် ဖော်ပြထားသော အာမခံထားသူထာ၀စဥ်မသန်စွမ်းဖြစ်ချိန် နှင့် သက်ဆိုင်သည့် အာမခံထားငွေကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်းသို့သာ တလုံးတည်းထုတ်ပေးပါမည်။ | |||
(၂) | ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ် /ငွေရေးကြေးရေး အဖွဲ့အစည်းကသာ လျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ် / ငွေရေးကြေးရေးအဖွဲ့အစည်းသို့သာ ထုတ်ပေးပါမည်။ | |||
(၃) | အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ပဲ ကျန်ရှိခဲ့လျှင် အဆိုပါပေးဆပ်ရန်ကျန်သောငွေများအတွက် အာမခံကုမ္ပဏီမှ တာ၀န်ယူမည်မဟုတ်ပါ။ | |||
(၄) | ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း အကျိုးခံစားခွင့်အတွက် အောက်ဖော်ပြပါ အထောက်အထားများကို တင်ပြရန် လိုအပ်ပါသည်။ | |||
| ||||
(၅) | ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ အောက်တွင်ဖော်ပြထားသည့် နမူနာဖြစ်ရပ်မျိုးကို ဆိုလိုပါသည်။ | |||
(က) | မျက်စိနှစ်ဖက်လုံး၀ကွယ်ခြင်း။ | |||
(ခ) | ခြေ /လက် နှစ်ဖက်လုံး လက်ကောက်၀တ် သို့မဟုတ် ခြေကျင်း၀တ် အထက်ပိုင်းမှ လုံး၀ပြတ်ခြင်း။ | |||
(ဂ) | ခြေကျင်း၀တ်အထက်ပိုင်းမှ ခြေထောက်နှစ်ဖက်ပြတ်ခြင်း၊ လုံး၀အသုံးပြု၍ မရခြင်း။ | |||
(ဃ) | မျက်စိတစ်ဖက် လုံး၀ကွယ်ခြင်းနှင့် ခြေ/လက် တစ်ဖက် လက်ကောက်၀တ် သို့မဟုတ် ခြေကျင်း၀တ် အထက်ပိုင်းမှ လုံး၀ပြတ်ခြင်း။ | |||
(င) | ဆရာ၀န်မှ ထာ၀စဥ်မသန်စွမ်းဖြစ်သည်ဟု တရား၀င် ထောက်ခံဖော်ပြထားခြင်း။ | |||
၂။ | အမ်းငွေထုတ်ပေးခြင်း (Surrender Value) | |||
(၁) | ချေးယူထားသည့်ငွေကို အပြည့်အ၀ပြန်လည်ပေးဆပ်ပြီးမှသာလျှင် အမ်းငွေထုတ်ယူခွင့်ရှိပါသည်။ | |||
(၂) | အမ်းငွေထုတ်ယူရန်အတွက် ဘဏ် /ငွေရေးကြေးရေးအဖွဲ့အစည်းမှ ချေးငွေအကြေဆပ်ပြီးကြောင်းကို ထောက်ခံချက်ပေးရပါမည်။ အာမခံကုမ္ပဏီသို့ အကြောင်းကြားရပါမည်။ | |||
(၃) | အာမခံကုမ္ပဏီအနေဖြင့် ယင်းကဲ့သို့ ချေးငွေအကြေဆပ်ပြီးကြောင်းကို အကြောင်းကြားစာရရှိလျှင် နောက်ဆက်တွဲဖော်ပြထားသည့် “အမ်းငွေနှုန်းထားဇယား” ပါအတိုင်း ရခွင့်ရှိသည့်အမ်းငွေကို ပေါ်လစီရှင်ထံသို့ တလုံးတည်းထုတ်ပေးပါမည်။ | |||
(၄) | အမ်းငွေထုတ်ယူရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများမှာ | |||
| ||||
(၅) | အမ်းငွေထုတ်ပေးခြင်းမပြုရသေးမီ အာမခံထားသူ သေဆုံးခဲ့လျှင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ ၁၂(ဆ) နှင့်အညီ အောက်ပါအစီအစဥ်အတိုင်း ထုတ်ပေးပါမည်။ | |||
(၁) | ခင်ပွန်း / ဇနီး | |||
(၂) | သားသမီး | |||
(၃) | မြေး | |||
(၄) | ညီအစ်ကို၊ မောင်နှမ | |||
(၅) | မိဘ | |||
၃။ | အကျိုးခံစားခွင့်မရနိုင်သည့်ကိစ္စများ | |||
(၁) | အာမခံထားသူသည် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်းကြောင့် သေဆုံးခဲ့လျှင် ‘သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)’ အားရခွင့် မရှိပါ။ အမ်းငွေကိုသာ ထုတ်ပေးမည် ဖြစ်ပါသည်။ | |||
(၂) | အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာ၀စဥ်မသန်စွမ်းဖြစ်ခဲ့လျှင် ‘ထာ၀စဥ် မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Total Permanent Disability Benefit)’ အားရခွင့်မရှိပါ။ အမ်းငွေကိုသာ ထုတ်ပေးမည်ဖြစ်ပါသည်။ | |||
(က) | ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့် ဖြစ်သည့် ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း။ | |||
(ခ) | မိမိကိုယ်ကို သတ်သေခြင်းကြောင့် မသေဘဲထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း။ |
ကိုယ်စားလှယ်အမည် ————————— | ပေါ်လစီအမှတ် ————————— | ||||||||||||||||
ကိုယ်စားလှယ်အမှတ် ————————— | နေ့စွဲ ————————— | ||||||||||||||||
၁။ | အဆိုလွှာနှင့် အာမခံထားသူ၏ ကျန်းမာရေးစစ်ဆေးချက်အစီရင်ခံစာပါဖော်ပြချက်များနှင့် အဖြေများသည် ပေါ်လစီရှင်နှင့် ဤကုမ္ပဏီ တို့ချုပ်ဆိုမည့် ပဋိညာဥ်၏ အခြေခံအချက်များဖြစ်ကြောင်းနှင့် ယင်းဖော်ပြချက်များနှင့် အဖြေများတွင် မမှန်ကန်သောအချက် (သို့မဟုတ်) အချက်များပါရှိလျှင် ဤပဋိညာဥ်ပျက်ကြောင်းပေါ်လစီရှင်မှ သိရှိသဘောတူညီသည်။ | ||||||||||||||||
၂။ | ပေါ်လစီရှင်မှ ဤပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံအတွက် တစ်ကြိမ်တည်းကျသင့်ပရီမီယံကို ပေးသွင်းပြီးဖြစ်၍ အောက်၌ဖော်ပြထားသော ပေးရသည့်အကြောင်းကိစ္စဖြစ်ပေါ်ခဲ့သော် ဤပေါ်လစီပါအခွင့်အရေးများ၊ စည်းမျဥ်းများ၊ ပြင်ဆင်ချက်များနှင့်အညီ ပေါ်လစီရှင်မှ အကျိုးခံစားခွင့် လွှဲပြောင်းပေးထားသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းသို့ လျော်ကြေးပေးရန် ဤကုမ္ပဏီက တာ၀န်ယူကတိပြုပါသည်။ | ||||||||||||||||
| |||||||||||||||||
အာမခံထားသည့်သက်တမ်း | ——————————————————————————————————————————————— | ||||||||||||||||
အာမခံစသောနေ့ | ————————————————- အာမခံသက်တမ်းစေ့မည့်နေ့—————————————————– | ||||||||||||||||
အာမခံထားငွေ(ကျပ်) | ——————————————————————————————————————————————— | ||||||||||||||||
တစ်ကြိမ်တည်းပေးပရီမီယံ (ကျပ်) | ——————————————————————————————————————————————— | ||||||||||||||||
အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသည့် ဘဏ် / ငွေရေးကြေးရေးအဖွဲ့အစည်း | |||||||||||||||||
ဘဏ်အမည် | ——————————————————————————————————————————————— | ||||||||||||||||
လိပ်စာ | ——————————————————————————————————————————————— | ||||||||||||||||
အာမခံထားငွေပေးရသည့် အကြောင်းကိစ္စအာမခံထားသူသေဆုံးလျှင်သော်လည်းကောင်း၊ ထာ၀စဥ်မသန်စွမ်းဖြစ်လျှင်သော်လည်းကောင်း ‘လျှော့ချထားသောအာမခံထားငွေဇယား’ တွင် ဖော်ပြထားသည့် အာမခံထားသူသေဆုံးချိန်နှင့် သက်ဆိုင်သောအာမခံထားငွေ ကို အကျိုးခံစားလွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်းသို့ ထုတ်ပေးမည်။ ပေါ်လစီ ထုတ်ပေးသည့်ရက်စွဲ၊ ————————- ခုနှစ်၊ —————————-လ၊ (——————) ရက် (တာ၀န်ခံအရာရှိ) | |||||||||||||||||
Total Permanent Disability | ||
၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
၂။ | တောင်းခံလွှာ (Claims Form)။ | |
၃။ | Policy | |
၄။ | မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
၅။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။ | |
၆။ | ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။ | |
၇။ | ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။ | |
၈။ | သန်းခေါင်စာရင်း။ | |
၉။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။ | |
Death | ||
၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
၂။ | တောင်းခံလွှာ (Claims Form)။ | |
၃။ | Policy စာချုပ်မူရင်း။ | |
၄။ | မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ) ။ | |
၅။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။ | |
၆။ | သေဆုံးမှတ်တမ်းဓာတ်ပုံ။ | |
၇။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။ | |
၈။ | Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။ | |
၉။ | သန်းခေါင်စာရင်း။ | |
၁၀။ | နာရေးဖိတ်စာ။ |
အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။
If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com
Policy Term – (3) years to (15) years
Premium rate varies with the Age of Insured , Preferred Sum Insured and duration.
The Sum Insured ranges from (1) Million to (300) Millions.
It must be between (18) and (62) years old.
The benefits of this insurance are:
Yes, FNI (Life) has One Stop Service.